International News

အလယ်အလတ် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုက ထိုင်း GDP အပေါ် သက်ရောက်မှု

Last Updated:

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်က ထိုင်းနိုင်ငံ၏ nominal GDP ကို (၀.၀၉-၀.၁၃%)အထိ လျှော့ကျစေနိုင်ပြီး ရောဂါဖြစ်ပွားမှုသည်    (၃) လထက် ပိုကြာနိုင်ကြောင်း၊ သို့ရာ တွင် (၆) လ ထက်နည်းနိုင်ကြောင်း  ကာစီကုန်းဘဏ်သုတေသနစင်တာ (K-Research) က ပြောကြားပါသည်။     ထိုင်းနိုင်ငံအတွက် ဗိုင်းရပ်စ်၏ သက်ရောက်မှု သည် အလယ်အလတ်အဆင့်ဖြစ်ကြောင်း၊ ကာစီကုန်းဘဏ်အောက်ရှိ သုတေသနအဖွဲ့က မှတ်ချက်ပြုခဲ့ပါသည်။ စီးပွားရေးပျက်ဆီးဆုံးရှုံးထိခိုက်မှုအနေဖြင့် အမေရိကန်ဒေါ်လာ (၅၀၀-၇၀၀) သန်းအတွင်း ရှိနိုင်ကြောင်း၎င်းကဆိုပါသည်။

ထိုင်းနိုင်ငံ၏စီးပွားရေးသည် တရုတ်စီးပွားရေးအပေါ် အလယ်အလတ်အဆင့်အနေဖြင့် မှီခိုနေကြောင်း၊ ဗီယက်နမ်၊ စင်္ကာပူ၊ လာအို၊ ကမ္ဘောဒီးယား၊ တို့အနေဖြင့် ပြည်မကြီးနှင့် ထိတွေ့မှုမြင့်မားကြကြောင်း K-research ကပြောပါသည်။ အာဆီယံနိုင်ငံတစ်ခုချင်းစီအတွက်သက်ရောက်မှုမှာ စီးပွားရေးတောင့်တင်းခိုင်မာမှု (Economic Strength) ဖွဲ့စည်းတည်ဆောက်ပုံ (Structure)၊ သက်ရောက်မှုများလျှော့ပါးစေရန်လိုက်လျောညီထွေရှိမှုတို့အပေါ်မူတည်နေပါသည်။

သုတေသနဌာနက ထိုင်းနှင့်မလေးရှားတို့၏ တရုတ်စီးပွားရေးအပေါ် အသီးသီးမှီခိုနေမှုသည် အတော်အတန်ကွဲပြားသည်ဟုဆိုသော်လည်း အချို့ကဏ္ဍများမှာ ပြည်မကြီးအပေါ် မှီခိုနေမှုမှာ မြင့်မားသောအဆင့်တွင်ရှိနေကြောင်းပြောကြားခဲ့ပါသည်။ ဉပမာအားဖြင့် တရုတ်ဧည့်သည်များအနေဖြင့် ထိုင်းခရီးသွားလုပ်ငန်း ကဏ္ဍအတွက် အဓိကသော့ချက်ဖြစ်နေခြင်းမျိုး ဖြစ်ပါသည်။

ထိုင်းနှင့်မလေးရှားတို့၏ စီးပွားရေးသည် တရုတ်၏ စီးပွားရေးနှေးကွေးမှုကို အတိုင်းအတာတစ်ခုအထိ ကိုင်တွယ်ရန် အလုံအလောက်ပြောင်းလွယ် ပြင်လွယ် ရှိသော်လည်း နှစ်နိုင်ငံသည် အာဆီယံစီးပွားရေးအပေါ် အကြီးအကျယ်မှီခိုနေရပါသည်။ ဒေသတွင်း စီးပွားရေးနှေးကွေေးမှုများသည် နှစ်နိုင်ငံအပေါ် သွယ်ဝိုက် သက်ရောက်မှုရှိနိုင်ကြောင်း K-Research ကပြောကြားခဲ့ ပါသည်။

ဗိုင်းရပ်စ်အကြပ်အတည်းသည် (၆) လကြာမြင့်ပါက တရုတ်စီးပွားရေး တိုးတက်မှုနှုန်းကို (၁%) မှ (၄.၇%) အထိ ကျဆင်းသွားစေနိုင်မှာဖြစ်ကြောင်း ခန့်မှန်းထားပါ သည်။ တရုတ်နိုင်ငံက အာဆီယံသို့ ရင်းနှီးမြှုပ်နှံမှုများသည် ပြည်မကြီး၏ စီးပွားရေးကျဆင်းမှုကြောင့် ခရီးသွားလုပ်ငန်းနှင့် ပို့ကုန်များထက် ပိုမိုထိခိုက်နိုင်သည်ဟု K-Research က ပြောကြားခဲ့ပါသည်။

ဆုံးရှုံးသွားသောတရုတ်စီးပွားရေးတိုးတက်မှု၏ တစ်ရာခိုင်နှုန်းစီသည် အာဆီယံသို့ တရုတ်၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို (၂.၈%) လျှော့ချနိုင်ပြီး ဒေသတွင်း ခရီးသွားလုပ်ငန်းမှ ဝင်ငွေနှင့် ပို့ကုန်များကို (၁.၅%) နှင့် (၁.၂%) ဖြင့်အသီးသီးလျှော့ချနိုင်ပါသည်။

K-Research ၏ ခန့်မှန်းချက်အရ တရုတ်စီးပွားရေးတိုးတက်မှု၏ (၁%) ကျဆင်းမှုသည် အာဆီယံစီးပွားရေးဆုံးရှုံးမှုအနေဖြင့် အမေရိကန်ဒေါ်လာ (၂.၄- ၃.၄ ဘီလီယံ) အထိရှိပြီး ၎င်းမှာ အာဆီယံGDP ၏ (၀.၀၇%)မှ (၀.၁၁%) ရှိကြောင်း K-Research ကခန့်မှန်းထားပါသည်။

လာအိုနှင့်ကမ္ဘောဒီးယားနိုင်ငံများသည် တရုတ် စီးပွားရေးအပေါ်များစွာ မှီခိုအားထားနေရပြီး ပြည်မကြီးရှိ ကျဆင်းအားနည်းနေသောစီးပွားရေးလုပ်ငန်းများ၏ အခြေအနေကို ကိုင်တွယ်ရန်စွမ်းဆောင်ရည်နိမ့်ကျကြောင်း K-Research သုတေသနအဖွဲ့ ကပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံလုံး၏ ပို့ကုန်များ၊ ခရီးသွားနှင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများမှာ တရုတ်အပေါ် လွန်စွာမှီခိုနေကြောင်း၊ ထို့အပြင် ၎င်းနိုင်ငံများအနေဖြင့် တံခါးပိတ်စီးပွားရေးများဖြစ်ကြသော်လည်း ပြင်ပ လုပ်ဆောင်မှုများအပေါ် များစွာမူတည်နေကြောင်း၊ ၎င်းတို့၏ ပြည်တွင်းစီးပွားရေးမှာ လွန်စွာအားနည်းနေသဖြင့် တရုတ်ကိုအစားထိုးရန်အတွက်  ဈေးကွက်အသစ် များရှာဖွေရန် ခက်ခဲနေကြောင်း K- Research ကပြောကြားခဲ့ပါသည်။

စင်္ကာပူနှင့်ဗီယက်နမ်တို့မှာလည်း တရုတ်နိုင်ငံနှင့်ထိတွေ့မှု မြင့်မားသောနိုင်ငံများထဲတွင်ပါ ဝင်သော်လည်း  ၎င်းတို့အနေဖြင့် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေး၏ စီးပွားရေးနှေးကွေးမှု အခြေအနေကို ကိုင်တွယ်နိုင်စွမ်းရှိကြပါသည်။ သို့ရာတွင် ဗီယက်နမ်အနေဖြင့် ၎င်း၏ ပို့ကုန်တင်ပို့မည့်နေရာများကို အခြားကွဲပြားခြား နားသော ဈေးကွက်ကြီးများသို့ဖြန့်ကျက် ထားနိုင်ခြင်းကြောင့် အခြေအနေကို ချိန်ညိှရန်ပိုမို ကောင်းမွန်သော အနေအထားတွင်ရှိနေကြောင်း၊ ဗီယက်နမ်တွင် တရုတ်၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ အနည်းငယ်သာရှိနေပြီး ဗီယက်နမ်အနေဖြင့် ခရီးသွားဝင်ငွေအပေါ်တွင် အတော်အသင့်သာမှီခိုနေခြင်းဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source: Bangk Post                    

Category: International News